JPF ရန်ပုံငွေ

JPF ရန်ပုံငွေ

ရန်ပုံငွေလျှောက်ထားခြင်း

JPF သည် စီမံကိန်းစိတ်ကူးသစ်များ ထပ်မံရှာဖွေနေခြင်းမရှိပါ။

ပူးပေါင်းငြိမ်းချမ်းရေးရန်ပုံငွေ၏ ကနဦးအဆိုပြုလွှာခေါ်ယူမှုကို နိုဝင်ဘာ ၂၀၁၆ မှ ဧပြီ ၂၀၁၇ အထိ ပြုလုပ်ခဲ့ပြီး လျှောက်လွှာများစွာ လက်ခံရရှိခဲ့ပါသည်။ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို တိုက်ရိုက်အကူအညီပေးခြင်း၊ ငြိမ်းချမ်းရေး တည်ဆောက်ခြင်းနှင့် သုတေသနနှင့် ဆန်းသစ်တီထွင်မှုစသည့် ကဏ္ဍသုံးရပ်စလုံးအတွက် အဆိုပြုလွှာအများအပြား ရရှိခဲ့ပါသည်။ သို့သော်လည်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွက် ဦးစားပေး လိုအပ်ချက်များကို ဆက်လက်ပံ့ပိုးပေးသွားမည် ဖြစ်သည်။

ရန်ပုံငွေလျှောက်ထားရန်ခေါ်ယူမှု ပိတ်သိမ်းပြီးဖြစ်သည့်အတွက် စီမံကိန်းစိတ်ကူးသစ်များ ထပ်မံရှာဖွေနေခြင်းမရှိပါ။ နောင်တွင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွင်း တိတိပပလိုအပ်ချက်များကို ဖော်ထုတ်သောစီမံချက်များ နှင့်/သို့မဟုတ် မြန်မာနိုင်ငံတွင်းရှိ ရေရှည်ငြိမ်းချမ်းရေးတည်ဆောက် မှုတွင် ကျွနုပ်တို့၏ မဟာဗျူဟာကျရည်မှန်းချက်များနှင့် အဓိကမိတ်ဖက်အဖွဲ့များ၏ ရည်မှန်းချက်များ နှင့်အညီ ဦးတည်ခေါ်ဆိုမှုများ ပြုလုပ်သွားရန် မျှော်မှန်းသည်။

ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် လိုအပ်ချက်များပေါ်ပေါက်သည်နှင့်အညီ ပံ့ပိုးမှုပေးနိုင်ရန် ထူထောင်ထားသည့် ရန်ပုံငွေတစ်ရပ်အနေဖြင့် အရေးပေါ်စီမံကိန်းအဆိုပြုလွှာများ၊ ကျွန်ုပ်တို့၏ လက်ရှိ မဟာဗျူဟာဦးစားပေးချက်များနှင့်ကိုက်ညီသော စီမံကိန်းများကို လည်း လိုအပ်ချက်ပေါ်မူတည် သုံးသပ်သွားမည်ဖြစ်သည်။ သိရှိလိုသည်များကို [email protected] သို့ ပေးပို့မေးမြန်းနိုင်သည်။

အရေးပေါ်စီမံကိန်းအဆိုပြုလွှာများပေးပို့ခြင်း

ပထမအဆင့်အနေဖြင့် ကနဦးအဆိုပြုလွှာရေးသားပေးပို့ရန်သာဖြစ်သည်။ အောက်ပါ လင့်ခ်မှ အဆိုပြုလွှာပုံစံကို ဒေါင်းလုတ်ရယူကာ ဖြည့်စွက်ပေးပို့နိုင်ပါသည်။ စီမံကိန်းစံနှုန်းသတ်မှတ်ချက်များ၊ ရန်ပုံငွေသတင်းအချက်အလက်များနှင့် အခြားအသေးစိတ်ကို လမ်းညွှန်မှတ်စုများတွင် လေ့လာနိုင်ပါသည်။

​လျှောက်ထားရန် ကနဦးအဆိုပြုလွှာလမ်းညွှန်ချက်နှင့် ပုံစံနှစ်မျိုးစလုံးကို ဒေါင်းလုတ်ရယူပါ။ ပုံစံမဖြည့်စွက်ခင် လမ်းညွှန်ချက်ကို ဖတ်ရှုလေ့လာပါ။