ပူးပေါင်းငြိမ်းချမ်းရေးရန်ပုံငွေ ဟူသည် အဘယ်နည်း။
ပူးပေါင်းငြိမ်းချမ်းရေးရန်ပုံငွေသည် မြန်မာနိုင်ငံတွင် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အတွက် နိုင်ငံတကာမှ ငွေကြေး၊ နည်းပညာ နှင့် အကြံဉာဏ် ပံ့ပိုးပေးသည့် အဖွဲ့အစည်းတစ် ရပ်ဖြစ်သည်။
ယခုအခါ ရန်ပုံငွေအဖွဲ့တွင် သြစတြေးလျ၊ ကနေဒါ၊ ဒိန်းမတ်၊ ဥရောပသမဂ္ဂ၊ ဖင်လန်၊ အီတလီ၊ နော်ဝေ၊ ဆွစ်ဇာလန်၊ ယူနိုက်တက်ကင်းဒမ်းနှင့် အမေရိကန်ပြည်ထောင်စုတို့ ပါဝင်သည်။
၂၀၁၆ခုနှစ်မှ ၂၀၂၂ခုနှစ်အထိ စုစုပေါင်း ရန်ပုံငွေ အမေရိကန်ဒေါ်လာ သန်း ၁၀၀ ကျော် ပေးအပ်ရန် ကတိကဝတ်ပြုပြီး ဖြစ်ပါသည်။ အလှူရှင်အသစ်များ ပါဝင်ရန်လည်း အားပေးတိုက်တွန်းပါသည်။
JPF သည် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို ပံ့ပိုးသည့်အနေဖြင့် နိုင်ငံတော်အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများထံ ၂၀၁၆ခုနှစ် သြဂုတ်လ နှောင်းပိုင်းတွင် ပထမအကြိမ် ရန်ပုံငွေ ထုတ်ပေးခဲ့သည်။ ယခုအခါ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် အားကောင်း ပြီး ပိုမို ကျယ်ပြန့်စေမည့် လုပ်ငန်းများကို ပေါင်းကူးဆက်သွယ်ရန် ရည်ရွယ်လျက် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ပံ့ပိုးခြင်းနှင့် ငြိမ်းချမ်းရေး တည်ဆောက်ခြင်းဆိုင်ရာ လုပ်ငန်းအစီအစဉ်များကို ချမှတ်ဆောင်ရွက်လျက် ရှိပါသည်။